F. Wayne Mac Leod သည် Canada နိုင်ငံ၊ Nova Scotia ပြည်နယ်၊ Sydney Mines မြို့တွင် မွေးဖွားခဲ့ပြီး၊ Ontario Bible College တွင်လည်းကောင်း၊ University of Waterloo တွင်လည်းကောင်း၊ Ontario Theological Seminary တွင်လည်းကောင်း ပညာဆည်းပူး ခဲ့သည်။ သူသည် ၁၉၉၁ တွင် Hespeler Baptist Church တွင် သိက္ခာတော်အပ်နှင်းခြင်းကို ခံရသည်။ သူသည် ဇနီးသည် Diane နှင့်အတူ(ယခုတွင် SIM နှင့်ပူးပေါင်းသွားသော) Africa Evangelical Fellowship နှင့်လက်တွဲ၍ Mauritius ကျွန်းများ၌လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Reunion ကျွန်းများ၌ လည်းကောင်း သာသနာပြုများအဖြစ် ၁၉၈၅ မှ ၁၉၉၃ အထိ အမှုတော်ဆောင်ခဲ့သည်။ ထိုဒေသများတွင် သူသည် အသင်းတော်ဖွံ့ဖြိုးရေး သင်တန်းများနှင့် ခေါင်းဆောင်မှု သင်တန်းများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ယခုတွင် သူသည် စာပေရေးသားခြင်းဖြင့် အမှုတော်တွင်ပါဝင်နေပြီး၊ Action International Minisitries တွင်လည်း အသင်းဝင် တစ်ဦးဖြစ်သည်။